ထားဝယ်တွင် သုံးဘီးဆိုင်ကယ်ဖြင့် လမ်းကင်းထွက်လာသည့် စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရ

ထားဝယ်တွင် သုံးဘီးဆိုင်ကယ်ဖြင့် လမ်းကင်းထွက်လာသည့် စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရ

တနင်္သာရီတိုင်း ထားဝယ်မြို့တွင် သုံးဘီးဆိုင်ကယ်ဖြင့် လမ်းကင်းထွက်လာသည့် စစ်ကောင်စီတပ်သားများကို ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၈)ရက်နေ့တွင် တော်လှန်ရေးတပ်က တိုက်ခိုက်ရာ စစ်ကောင်စီတပ်ထံမှ လက်နက်(၅)လက် သိမ်းဆည်းရရှိကြောင်း Ye Phyu People Defence Force – YPPDF ထံမှ သိရသည်။

ထားဝယ်မြို့ အရှေ့ပြင်ရပ်ကွက်နှင့် ဆင်ဆိပ်ရပ်ကွက်ကြားတွင် သုံးဘီးယာဉ်အသုံးပြုပြီး ထွက်လာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၅)ဦးသေပြီး (၂)ဦးမှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု ဆိုသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ထံမှ MA-1 (၃)လက်၊ MA-2 စက်ကလေးတစ်လက်၊ MA-3 တစ်လက်နှင့် ကျည်ဘောက်(၁၅)ခု၊ အီကွေ့မန့်တစ်ခုနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိသည်ဟု သိရသည်။

တိုက်ခိုက်မှုကို Ye Phyu People Defence Force – YPPDF၊ ဓဝယ်အမျိုးသားလွတ်‌မြောက်ရေးတပ်တော်တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: YePhyu People Defence Force - YPPDF