စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်၍ သေဆုံးခဲ့ရသည့် ဗိုလ်လောင်း ၈ ဦးအတွက် ၁၀ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား AA ပြုလုပ်

စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်၍ သေဆုံးခဲ့ရသည့် ဗိုလ်လောင်း ၈ ဦးအတွက် ၁၀ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား AA ပြုလုပ်

စစ်တပ်က လက်နက်ကြီးနှင့်ပစ်ခတ်၍ သေဆုံးခဲ့ရသည့် အာရက္ခတပ်တော်(AA)မှ ဗိုလ်လောင်း(၈)ဦးအတွက် အောက်မေ့ဖွယ်အခမ်းအနားကို ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၉)ရက်နေ့တွင် ပြုလုပ်ကြောင်း AA က ထုတ်ပြန်သည်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလ (၁၉)ရက်နေ့က KIA ဌာနချုပ်နယ်မြေအတွင်းရှိ ဝေကြိုင်ဘွမ်၊ ဗိုလ်သင်တန်းကျောင်းကို စစ်တပ်က လက်နက်ကြီးနှင့်ပစ်ခတ်ရာ AA မှ  ဗိုလ်လောင်း(၈)ဦး အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်များမှ ဗိုလ်လောင်း (၂၃)ဦး ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗိုလ်လောင်းများကျဆုံးခြင်း (၁၀)နှစ်ပြည့်အနေဖြင့် ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၉)ရက်နေ့တွင် ဝမ်းနည်းအောက်မေ့ဖွယ်အထိမ်းအမှတ်အခမ်းအနားကို AA ဗိုလ်လောင်းများရှိရာ အာဇာနည်ကုန်းတွင် လွမ်းသူ့ပန်းခွေများချကာ ဂါရဝပြုခြင်းနှင့် တပ်စ ခန်းများတွင် အောင်လံတဝက်လွှင့် ခြင်းများကိုပြုလုပ်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: AA Info Desk