ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်း မိုင်တိုင် (၃၁၇)တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား PDF ရော့ကတ်ဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်း မိုင်တိုင် (၃၁၇)တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား PDF ရော့ကတ်ဖြင့် ပစ်ခတ်တိုက်ခိုက်
နိုဝင်ဘာ 12, 2024 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်း မိုင်တိုင် (၃၁၇)တွင် အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရော့ကတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း မြင်းခြံခရိုင်အမှတ် (၄-၁၀) တပ်ရင်း Natogyi People Defence Force မှ ယနေ့  ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၂) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်း မိုင်တိုင် (၃၁၇) တွင် အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နိုဝင်ဘာလ (၁၁)ရက်နေ့ ညနေ (၃) နာရီဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရော့ကတ် (၂)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများကို ဆက်လက်စုံစမ်းနေကြောင်း Natogyi People Defence Force အဖွဲ့က ဆိုသည်။

#TachileikNewsAgency

Photo: Natogyi People Defence Force