ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ နှင့် မိုင်းဖြတ်မြို့တို့တွင် ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့ ည(၁၁)နာရီ (၃၅)စက္ကန့်အချိန်က သိသိသာသာ ငလျင်လှုပ်ခတ်သွားသည်။
တာချီလိတ် နှင့် မိုင်းဖြတ်မြို့တို့တွင် လှုပ်ခတ်သွားသည့် ငလျင်မှာ ရစ်ချ်တာစကေး (၄.၇)အဆင့်ရှိ ငလျင် ဖြစ်ပြီး မိုင်းဖြတ်မြို့နယ်အတွင်း၌ ဦးတည်လှုပ်ခတ်သွားခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံ မိုးလေဝသဌာန၊ ငလျင်စောင့်ကြည့်ရေးဌာနခွဲ( Thailand Earthquake Report Earthquake Observation Division - TMD)က သတင်းထုတ်ပြန်ထားသည်။
"ငလျင်က အတော်လေးကို သိသိသာသာ လှုပ်သွားတာ (၈)စက္ကန့် (၁၀)စက္ကန့်လောက် ကြာအောင် လှုပ်သွားတယ်။ မူးတောင် မူးသွားတယ်"ဟု တာချီလိတ်ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။
အလားတူ မိုင်းဆတ်မြို့နယ် အတွင်း၌လည်း ငလျင်လှုပ်ခတ်သွားသည်မှာ အိမ်ခေါင်မိုးလှုပ်ခတ်သည်အထိ သိသာစေခဲ့ကြောင်း သိရသည်။