တာချီလိတ်တွင် နိုင်ငံတော်ကိုယ်စား မြို့မိမြို့ဖ၊ လုပ်ငန်းရှင်နှင့် အလှူရှင်များက ဘာသာရေးကျောင်းများနှင့် အိမ်ထောင်စု (၁,၆၄၃) စုကို ဒုတိယအကြိမ် စားနပ်ရိက္ခာပံ့ပိုး

တာချီလိတ်တွင် နိုင်ငံတော်ကိုယ်စား မြို့မိမြို့ဖ၊ လုပ်ငန်းရှင်နှင့် အလှူရှင်များက ဘာသာရေးကျောင်းများနှင့် အိမ်ထောင်စု (၁,၆၄၃) စုကို ဒုတိယအကြိမ် စားနပ်ရိက္ခာပံ့ပိုး
ဇွန် 18, 2020
By Tachileik News Agency
တာချီလိတ်တွင် နိုင်ငံတော်ကိုယ်စား မြို့မိမြို့ဖ၊ လုပ်ငန်းရှင်နှင့် အလှူရှင်များက  ဘာသာရေးကျောင်းများနှင့် အိမ်ထောင်စု (၁,၆၄၃) စုကို ဒုတိယအကြိမ် စားနပ်ရိက္ခာပံ့ပိုး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြို့မိမြို့ဖ၊ လုပ်ငန်းရှင်နှင့် အလှူရှင်များက နိုင်ငံတော်ကိုယ်စား အခြေခံစားသောက်ကုန်များ ထောက်ပံ့ခြင်းကို ဒေသတွင်းရှိ  ဘုန်းကြီးကျောင်းများ အပါအဝင် ဘာသာရေးကျောင်းများ၊ အိမ်ထောင်စု (၁,၆၄၃) စုတို့ကို ၂၀၂၀ ခုနှစ် ဇွန်လ (၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ကြသည်။

နဂါးနှစ်ကောင်ကျောင်းတိုက်ရယ်၊ မဟာမြတ်မုနိကျောင်းတိုက်ရယ်၊ ငွေတောင်ဦးကျောင်းတိုက်ရယ်၊ သီလရှင်စာသင်တိုက်ရယ်ကို ကျောင်းတစ်ကျောင်းကို ဆန်အိတ်ကြီး (၅) အိတ်၊ ဆီ (၂) ဖာ၊ ဆားက (၂) ဖာ၊ ကြက်သွန်နီက ပိဿာ (၄၀) ပါတဲ့ (၁) အိတ်၊ ကုလားပဲက အချိန် (၄၀) ပါတဲ့ (၁) အိတ်ပေါ့။ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ထောက်ပံ့ရေးအဖွဲ့တွေ သွားလှူဒါန်းခဲ့တယ်။ အိမ်ထောင်စုတွေဝေပေးဖို့က ခရိုင်အဆင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတွေကို ဒီနေ့မနက် (၈) နာရီမှာအစည်းအဝေးခေါ်တယ်။ စာရင်းတွေအလိုက် ဌာနဆိုင်ရာတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ခွဲပေးလိုက်တယ်။ လာထုတ်တဲ့ပြည်သူတွေအနေနဲ့ Mask တပ်ရမယ်။ (၆) ပေအကွာစီ တန်းစီပြီး ထုတ်ယူရတာပေါ့

ဟု တာချီလိတ်မြို့နယ်အတွင်း စားနပ်ရိက္ခာပံ့ပိုးနေသည့် မြို့မိမြို့ဖ နှင့် လုပ်ငန်းရှင်အဖွဲ့မှ ဦးကျော်စွာလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

ယင်းကဲ့သို့ ဖြန့်ဝေခြင်းမှာ ပထမအကြိမ် ပေးဝေထားသည့် အိမ်ထောင်စု (၂,၈၅၀) တွင် မပါသေးသူများကို ထောက်ပံ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ်တွင် ဝမ်ကောင်းရပ်ကွက်ရှိ အိမ်ထောင်စု (၁၈၅) စု၊ ပုန်းထွန်ရပ်ကွက်ရှိ အိမ်ထောင်စု (၁၅၀) စု၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ အိမ်ထောင်စု (၁၆၅) စု၊ မယ်ခေါင်ရပ်ကွက်ရှိ အိမ်ထောင်စု (၁၂၅) စု၊ ရန်အောင်မြေရပ်ကွက်ရှိ အိမ်ထောင်စု (၇၅) စု၊ ဝိန်းကျောက်ရပ်ကွက်ရှိ အိမ်ထောင်စု (၁၂၈) စု၊ ပါဆတ်ရပ်ကွက်ရှိ အိမ်ထောင်စု (၂၇) စု၊ ဆေခမ်းရပ်ကွက်ရှိ အိမ်ထောင်စု (၅၉) စု၊ ဝမ်လုံးကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၆၁) စု၊ လွယ်တော်ခမ်းကျေးရာအုပ်စုရှိ အိမ်ထောင်စု (၆၆) စု၊ မိုင်းဟဲကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၃၉၅) စုနှင့် ကျိုင်းလပ်မြို့ရှိ အိမ်ထောင်စု (၂၀၇) စု၊ စုစုပေါင်း အိမ်ထောင်စု (၁,၆၄၃) စုတို့ကို ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~