မကွေးတိုင်း မြိုင်မြို့နယ်တွင် ဈေးဝယ်ထွက်လာသော ဒုတိယရဲမှူးနှင့် တပ်သားတစ်ဦးတို့ ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၇)ရက်နေ့ နံနက်ပိုင်းတွင် မြိုင်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ပစ်ခတ်ရာ နှစ်ဦးလုံးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။
မြိုင်မြို့မြောက်ဘက် ချောင်းဆုံဂိတ်မှ မြိုင်မြို့ပေါ်သို့ ဆိုင်ကယ်တစ်စီးနှင့်အတူ ဈေးဝယ်ထွက်လာသော ဒုတိယရဲမှူး ချစ်စမ်းမောင်နှင့်အတူ ရဲတပ်သားတစ်ဦးတို့အား ပစ်ခတ်တိုက်ခိုက်မှုတွင် နှစ်ဦးလုံး သေဆုံးသည်ဟု ဆိုသည်။
၎င်းတို့ထံမှ MA-3 သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ပြီး တိုက်ခိုက်မှုကို မြိုင်မြို့နယ် ပကဖတပ်ရင်း (၁) ခွဲ (၃)နှင့်အတူ Joker ပြောက်ကျားတပ်ဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မြိုင်မြို့နယ်နှင့် မြိုင်မြို့ပေါ် နယ်မြေများအား စိုးမိုးထားပြီး ရိက္ခာဖြတ်တောက်ခြင်း၊ ဆက်သွယ်ရေးဖြတ်တောက်ခြင်းနှင့် မျက်ခြေမပြတ် စောင့်ကြည့်လှုပ်ရှားတိုက်ခိုက်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သိရသည်။
#TachileikNewsAgency
Video : မြိုင်-ပကဖ