ပခုက္ကူတွင် စစ်ကောင်စီတပ်သား နှစ်ဦး လက်နက်နှင့်အတူ အလင်းဝင် 

ပခုက္ကူတွင် စစ်ကောင်စီတပ်သား နှစ်ဦး လက်နက်နှင့်အတူ အလင်းဝင် 

မကွေးတိုင်း ပခုက္ကူမြို့တွင် တာဝန်ကျနေသော စစ်ကောင်စီတပ်သား (၂)ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း Southern YSO PDF ထံမှ သိရသည်။ 

ပခုက္ကူစက်မှုဇုန်စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသော ပခုက္ကူမြို့ ခလရ (၂၅၉)တပ်မှ တပ်သား ပြည့်ဖြိုးအောင်နှင့် ပခုက္ကူမြို့နယ် မြောက်လူးကန်အထိုင်စခန်းတွင် တာဝန်ထမ်းဆောင်နေသော စလင်းမြို့ ခလရ(၂၅၅)တပ်မှ တပ်သား ကောင်းမင်းခန့် တို့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့က အလင်းဝင်လာခြင်းဖြစ်သည်။ 

၎င်းတို့သည် ရေစကြိုတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အဖွဲ့ထံသို့ MA-1 သေနတ် (၂)လက်၊ ကျည်ဘောက် (၆)ခု၊ ကျည်ဆံ (၁၂၀)တို့နှင့်အတူ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။ 

လက်နက်အပ် အလင်းဝင်လာသော စစ်ကောင်စီတပ်သား (၂)ဦးကို တစ်ဦးလျှင် ငွေကျပ် သိန်း(၄၀)စီ ဆုချီးမြှင့်ပေးထားကြောင်း သိရသည်။ 

ယခုအချိန်ထိ Southern YSO PDF အဖွဲ့ထံသို့ အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သား အမြောက်အများရှိနေပြီဖြစ်ပြီး အချို့ကို ၎င်းတို့နေထိုင်လိုသော ဒေသသို့ပို့ဆောင်ပေးထားပြီး၊ အချို့မှာ အာဏာရှင်တော်လှန်ရေး လုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်နေသည်ဟု သိရသည်။

#TachileikNewsAgency

Photo: Southern YSO PDF