ဟားခါးမြို့အနီးရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များသိမ်းပိုက် စစ်ကောင်စီ ဗိုလ်မှူးတစ်ဦးအပါ ၄ ဦးကိုအရှင်ဖမ်းမိ

ဟားခါးမြို့အနီးရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များသိမ်းပိုက် စစ်ကောင်စီ ဗိုလ်မှူးတစ်ဦးအပါ ၄ ဦးကိုအရှင်ဖမ်းမိ

ချင်းပြည်နယ် ဟားခါးမြို့အနီး ဟားခါး-ထန်တလန်လမ်းရှိ စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားတော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် (၄)ဦးကို အရှင်းဖမ်းမိသည်ဟု CDF ဟားခါးထံမှ သိရသည်။

၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့က Operatio Rung အမည်ဖြင့် Chinland Defense Force - Hakha နှင့် Chin National Armyမှ ပူးပေါင်းပြီး ဟားခါးမြို့အနီး ဟားခါး-ထန်တလန်လမ်းရှိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၁၅)ဦးသေပြီး စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် (၄)ဦးကို အရှင်ဖမ်းမိခဲ့ကာ MA-1 (၅)လက်၊ MA-2 တစ်လက်၊ MA-3 (၂)လက်၊ MA-11 တစ်လက်၊ ကျည်‌ဘောက် (၄၂)ခု၊ မိုင်းနှင့် ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency