ပခုက္ကူမြို့နယ်ရှိ တင်းဂါတ်ပြည်သူ့စစ်ဂိတ်စခန်းကို ဗုံးသီး ၁၆ လုံးကြဲချတိုက်ခိုက်

မကွေးတိုင်း ပခုက္ကူမြို့နယ်ရှိ တင်းဂါတ်ပြည်သူ့စစ်ဂိတ်စခန်းကို ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့တွင် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ကြောင်း မြိုင်မြို့နယ် ပကဖ ထံမှ သိရသည်။

ယမန်နေ့ မနက်(၁၀)နာရီမှ နေ့လယ်(၁၂)နာရီအထိ ဒရုန်းဖြင့် ဖျက်အားပြင်း ဗုံးသီး(၁၆)လုံး ကြဲချတိုက်ခိုက်ရာ ပျူစောထီး(၂)ဦး ထိမှန်သေဆုံးနိုင်သည့်အပြင် အများအပြား ဒဏ်ရာရနိုင်သည်ဟု ဆိုသည်။

တင်းဂါတ်ပြည်သူ့စစ်ဂိတ်စခန်းသည် ခရီးသွားအများပြည်သူများထံမှ အဆမတန် ငွေးကြေးများတောင်းယူနေသည့် ဂိတ်စခန်းဖြစ်သဖြင့် မြိုင်ပကဖနှင့်အတူ ပေါက်ပကဖ၊ Bly ပြောက်ကျားတပ်ဖွဲ့၊ PKU Thurain၊ Black Cobra Force(ကမ္မတပ်ပါင်းစု)၊ DMG ဓားမင်းကြီးအဖွဲ့တို့က တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video: မြိုင်-ပကဖ