ဂန့်ဂေါခရိုင်ဗျူဟာအတွက် လိုအပ်သည့် လက်နက်ခဲယမ်းများအား အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တပ်ဆင်

ဂန့်ဂေါခရိုင်ဗျူဟာအတွက် လိုအပ်သည့် လက်နက်ခဲယမ်းများအား အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တပ်ဆင်
အောက်တိုဘာ 21, 2024 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ဂန့်ဂေါခရိုင်ဗျူဟာအတွက် လိုအပ်သည့် လက်နက်ခဲယမ်းများအား အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်ဆင်ပေးကြောင်း ယောဗျူဟာမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဂန့်ဂေါခရိုင် အမှတ် (၁၃၊၁၅၊၁၆၊၁၇၊၁၈) တပ်ရင်းများအနေဖြင့် ခရိုင်ကွပ်ကဲမှု လမ်းညွှန်ချက်များနှင့်အညီ ဗျူဟာဖွဲ့စည်းခဲ့ကြပြီး ဗျူဟာအတွက် လက်နက်တပ်ဆင်ပွဲ အခမ်းအနားကို အောက်တိုဘာလ (၂၀) ရက်နေ့တွင် စုဖွဲ့မှုတစ်နေရာ၌ ဆောင်ရွက်ခဲ့ကြောင်း  ယောဗျူဟာမှ သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: The Youth Force - Saw & Kyaukhtu