ရေးမြို့နယ် စံပြကျေးရွာအနီးရှိ ခမရ ၅၈၈ စစ်ကောင်စီတပ်၏ ယာယီအထိုင်စခန်းအား တော်လှန်ရေးတပ်ပေါင်းစု ဝင်ရောက်တိုက်ခိုက်မှု နှစ်ဖက်ထိခိုက်မှုရှိ 

ရေးမြို့နယ် စံပြကျေးရွာအနီးရှိ ခမရ ၅၈၈ စစ်ကောင်စီတပ်၏ ယာယီအထိုင်စခန်းအား တော်လှန်ရေးတပ်ပေါင်းစု ဝင်ရောက်တိုက်ခိုက်မှု နှစ်ဖက်ထိခိုက်မှုရှိ 

မွန်ပြည်နယ် ရေးမြို့နယ် စံပြကျေးရွာအနီးရှိ စကခ (၁၉)လက်အောက်ခံ ခမရ (၅၈၈)စစ်ကောင်စီတပ်၏ ယာယီအထိုင်စခန်းအား တော်လှန်ရေးတပ်ပေါင်းစုမှ ဝင်ရောက်စီးနင်း တိုက်ခိုက်မှုအတွင်း နှစ်ဖက်ထိခိုက်မှုရှိကြောင်း ဒေါနစစ်ကြောင်း ထံမှ သိရသည်။

ရေးမြို့နယ် ရေး-သံဖြူဇရပ် ကားလမ်းမပေါ်ရှိ စံပြကျေးရွာအနီးတွင် တပ်စွဲထားသည့် ခမရ (၅၈၈)စစ်ကောင်စီတပ်၏ ယာယီအထိုင်စခန်းအား တော်လှန်ရေးတပ်ပေါင်းစုမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့ နံနက် (၄)နာရီခွဲတွင် သွားရောက်တိုက်ခိုက်စဉ် နံနက် (၅)နာရီ (၄၅) မိနစ်၌ စခန်းကုန်းမှ ဆင်းလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် မျက်နှာချင်းဆိုင်တွေ့ကာ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီးလှိုင်ဝင်းထွဠ် အပါဝင် (၅)ဦး သေဆုံးခဲ့ပြီး (၃)ဦး ဒဏ်ရာရရှိခဲ့ကာ ၊ သေဆုံးနှင့် ဒဏ်ရာရ စစ်‌ကောင်စီတပ်သားများအား လူနာတင်ယာဉ် ( ၄ ) စီးဖြင့် ရေးမြို့ပြည်သူ့ဆေးရုံကြီးသို့ သယ်‌ဆောင်သွားသည်ဟု သိရှိရကြောင်း ဒေါနစစ်ကြောင်းက ဆိုသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ပေါင်းစုဘက်မှလည်း တပ်ဖွဲ့ဝင် (၂)ဦး ကျဆုံးပြီး (၁)ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီထံမှ MA-1 တစ်လက်နှင့် MA-2 တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီ ခလရ-၁၀၆ မှ (၈၁)မမဖြင့် (၄)ကြိမ် လက်နက်ကြီးပစ်ကူပေးခဲ့ပြီး စံပြကျေးရွာအတွင်းသို့ (၃)လုံး ကျရောက်ပေါက်ကွဲခဲ့ကာ ပြည်သူ့နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း တပ်ရင်း လုံခြုံရေးတပ်ခွဲ၊ ဒေါနတပ်ခွဲ (၃)၊ ရေးပြောက်ကျားတပ် (YGFတပ်ခွဲ)၊ ဗျူဟာ (၃၃) အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ KNLA တပ်ရင်း (၂၇)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့  (NMSP - AD)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တပ်ရင်း (၁)နှင့် YPDF တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Daw Na Column-P29902