ညောင်ဦးမြို့နယ် ပုဂံမြို့သစ်ရဲစခန်းမှ ထွက်လာသည့် စစ်ကောင်စီကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရ

ညောင်ဦးမြို့နယ် ပုဂံမြို့သစ်ရဲစခန်းမှ ထွက်လာသည့် စစ်ကောင်စီကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း ညောင်ဦးမြို့နယ် ပုဂံမြို့သစ်ရဲစခန်းမှ ထွက်လာသည့် စစ်ကောင်စီကားတစီးအား မိုင်းဆွဲတိုက်ခိုက်ကြောင်း ညောင်ဦးမြို့နယ် ပ.က.ဖ တပ်ခွဲ (၃) 21 Bagan – People Defense Force မှ ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ညောင်ဦးမြို့နယ် ပုဂံမြို့သစ်ရဲစခန်းမှ တောင်ဘက်သို့ ထွက်လာသည့် စစ်ကောင်စီ Four Wheel ကားတစီးကို ဂန့်ဂါ ကျေးရွာတောင်ဘက်အရောက် အောက်တိုဘာလ (၁၄)ရက်နေ့ နေ့လယ် (၁) နာရီဝန်းကျင်ခန့်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေအား အတိအကျမသိရသေးဘဲ ဆက်လက်စုံစမ်းနေကြောင်း 21 Bagan – People Defense Force က ဆိုသည်။

တိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီထောက်တိုင်များ ၊ စစ်ကောင်စီနှင့် ပက်သက်ဆက်နွယ်သူများနှင့် ရောနှောနေထိုင်ခြင်း မပြုလုပ်ရန်နှင့် စစ်ယာဉ်တန်းများရှိရာ နေရာများတွင် နေထိုင်ခြင်းမပြုကြရန် ညောင်ဦးမြို့နယ် ပ.က.ဖ တပ်ခွဲ (၃) 21 Bagan – People Defense Force က အသိပေးထားသည်။

#TachileikNewsAgency

Photo: 21 Bagan – People Defense Force (ပုံဟောင်း)