မန္တလေး PDF သိမ်းထားသည့် တပ်စခန်းကို စစ်ကောင်စီတပ် ပြန်ထိုးစစ်ဆင်ရာ အသေအဆုံးများ 

မန္တလေး PDF သိမ်းထားသည့် တပ်စခန်းကို စစ်ကောင်စီတပ် ပြန်ထိုးစစ်ဆင်ရာ အသေအဆုံးများ 
အောက်တိုဘာ 13, 2024 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ သိမ်းယူထားသော တပ်စခန်းများကို ပြန်လည်ထိုးစစ်ဆင်သည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၃)ရက်နေ့တွင် မန္တလေး PDF က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများအပြင် မြေပြင်စစ်ကြောင်းများပါ အသုံးပြု၍ ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ကလည်း ၎င်းတို့တပ်စခန်းများကို အပြည့်အဝထိန်းချုပ်ထားဆဲဖြစ်သည် ဟုဆိုသည်။ 

အဆိုပါ တိုက်ပွဲများတွင် လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီတပ်သားအလောင်းများကို သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ် တိုက်ပွဲများအတွင်း စစ်ရေးပစ်မှတ်များကိုသာမက အရပ်သားပြည်သူများကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုများကိုလည်း ကျူးလွန်နေသည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: မန္တလေး PDF