ရေစကြိုမြို့နယ်အတွင်း အင်အားဖြည့်တင်းရန် လာရောက်သည့် စစ်ကောင်စီစစ်ကြောင်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ကြားဖြတ်တိုက်ခိုက်

ရေစကြိုမြို့နယ်အတွင်း အင်အားဖြည့်တင်းရန် လာရောက်သည့် စစ်ကောင်စီစစ်ကြောင်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ကြားဖြတ်တိုက်ခိုက်

မကွေးတိုင်း ပခုက္ကူခရိုင် ရေစကြိုမြို့နယ်အတွင်း အင်အားဖြည့်တင်းရန် လာရောက်သည့် စစ်ကောင်စီစစ်ကြောင်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ကြောင်း Southern YSO PDF က ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၂) ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ရေစကြိုမြို့နယ်ရှိ ကျေးရွာတရွာအား စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်အား အင်အားဖြည့်တင်းရန်လာသည့် အင်အား (၇၀)နီးပါး ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၁)ရက်နေ့ ညနေ (၄)နာရီဝန်းကျင်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပခုက္ကူ-ရေစကြို လမ်းပိုင်း တစ်နေရာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီစစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားပြီး အဆိုပါ စစ်ကြောင်း အထိုင်ချပစ်ခတ်ရာ တောင်ကုန်းတခုလုံးအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ စီးနင်းနိုင်ခဲ့ကာ MA-1 တလက် နှင့် G-3 တလက်တို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီး ည (၇)နာရီခန့်တွင် ပခုက္ကူဆေးရုံသို့  အတွင်းလူနာအဖြစ် စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး ရောက်ရှိလာပြီး ၊ သေဆုံးသူ (၃) ဦးထက်မနည်းကို သက်ဆိုင်ရာ ပခုက္ကူတပ်စခန်းသို့ သယ်ဆောင်သွားသည်ဟု ဖရဲသီးသတင်းအရ ပြန်လည်သိရှိရကြောင်း Southern YSO PDF အဖွဲ့က ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအား Southern YSO PDF၊ BNRA(ဗမာအမျိုးသား တော်လှန်ရေးတပ်တော်)၊ ပြည်သူ့အားမာန် PDF နှင့် King Cobra ညီနောင်မဟာမိတ်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Southern YSO PDF