တာချီလိတ်မြို့မရဲစခန်းက အချုပ်သားများ ကြိုတင်ဆန္ဒမဲပေး
၂၀၂၀ ရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့က မြို့မရဲစခန်းမှာ အကြောင်းအမျိုးမျိုးကြောင့် အချုပ်ကျခံနေရတဲ့ အချုပ်သား(၅၄)ဦးဟာ အောက်တိုဘာလ(၃၁)ရက်နေ့ နံနက်ပိုင်းက ကြိုတင်ဆန္ဒမဲပေးခဲ့ကြပါတယ်။
တာချီလိတ်မြို့နယ်အတွင်းက အသက် (၆၀) နဲ့အထက်လူကြီးတွေနဲ့ မသန်စွမ်းတွေကို စာရင်းကောက်ယူထားသလို ဆေးရုံတက်ရောက်နေတဲ့သူတွေ ကြိုတင်မဲပေးနိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
အောက်တိုဘာလ (၃၁) ရက်နေ့မနက် (၁၀) နာရီခွဲက စတင်ပြီး တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းမှာလည်း မဲရုံ (၃) ရုံမှာ အသက် (၆၀) နှစ်နဲ့အထက် လူကြီးတွေနဲ့ မဲရုံတာဝန်ထမ်းဆောင်ရမယ့် တာဝန်ကျဝန်ထမ်းတွေ ကြိုတင်မဲပေးခဲ့ကြပြီး မဲရုံပိတ်တဲ့အချိန် ညနေ (၃) နာရီခွဲအချိန်အထိ လူဦးရေ (၅၉) ဦးက ကြိုတင်မဲတွေ ပေးခဲ့ကြတယ်လို့ သိရပါတယ်။
Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်