ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်တွင် သန်းခေါင်စာရင်းကောက်နေသည့် (ဋ)ရပ်ကွက်ရုံး ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၁)ရက်နေ့ ညပိုင်းက လက်ပစ်ဗုံး (၂)လုံးဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ရုံးအတွင်းရှိ စစ်ကောင်စီ၏ လုံခြုံရေးအဖွဲ့များ၊ လဝက၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးနှင့် ရာအိမ်မှူးများ ထိခိုက်မှုရှိနိုင်သည်ဟု ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် မြောက်ဥက္ကလာပ(ပကဖ) ကလည်း ဆိုသည်။
တိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်ဘက်က ပိတ်ဆို့ စစ်ဆေးခြင်းပြုလုပ်ခဲ့ပြီး တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရ သည်။
ဖောက်ခွဲတိုက်ခိုက်မှုကို YUPA Yangon People Army နှင့် မြောက်ဥက္ကလာပမြို့နယ် ပြည်သူကာကွယ်ရေး(ပကဖ)တို့က ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency