ဇီးကုန်းမြို့တွင် အရက်ထိုင်သောက်နေသည့် ရဲတပ်ကြပ်တစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

ဇီးကုန်းမြို့တွင် အရက်ထိုင်သောက်နေသည့် ရဲတပ်ကြပ်တစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ပေါ်တွင် အရက်ထိုင်သောက်နေသည့် ရဲတပ်ကြပ်တစ်ဦးကို တော်လှန်ရေးတပ်က ပစ်ခတ်ရာ သေဆုံးကြောင်း သိရသည်။ 

၂၀၂၄ခုနှစ် အောက်တိုဘာလ (၈)ရက်နေ့က ဇီးကုန်းမြို့ရှိ အရက်ဆိုင်၌ အရက်ထိုင်သောက်နေသော ရဲတပ်ကြပ် ချင်းလေး(ခ)ခွါကြီး(ခ)ရန်ရှင်းခွါတို့အဖွဲ့အား တော်လှန်ရေးအဖွဲ့များက ဝင်ရောက်ပစ်ခတ်ရာ ရဲတပ်ကြပ် ရန်ရှင်းခွာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

ပစ်ခတ်ခံရသည့် အရက်ဆိုင်မှာ ဇီးကုန်းမြို့လယ်ခေါင်တွင်ဖြစ်ပြီး သေဆုံးသွားသည့် တပ်ကြပ် ရန်ရှင်းခွါမှာ ဗိုက်ပွင့်ထွက် ဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုကို KBU-တောလေး ပကဖခရိုင်လှုပ်ရှားအဖွဲ့နှင့် တော်လှန်ရေးညီ‌နောင်များပူးပေါင်း၍ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: