ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲ အလင်းဝင်ရောက်လာသူ (၄၈)ဦးရှိပြီး စစ်သုံ့ပန်း (၁၀၂)ဦး ဖမ်းဆီးရမိ

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲ အလင်းဝင်ရောက်လာသူ (၄၈)ဦးရှိပြီး စစ်သုံ့ပန်း (၁၀၂)ဦး ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့အား တော်လှန်ရေးတပ်များသိမ်းရာ စစ်ကောင်စီတပ်ဘက်က အလင်းဝင်ရောက်လာသူ (၄၈)ဦးရှိပြီး စစ်သုံ့ပန်း (၁၀၂) ဦး ဖမ်းဆီးရရှိကြောင်း အမှတ်(၁) စစ်ဒေသထံမှ သိရသည်။

ပင်လယ်ဘူးမြို့အား ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၅)ရက်နေ့မှ စတင်တိုက်ခိုက်သိမ်းပိုက်ရာ အောက်တိုဘာလ (၈)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ 



          

မြို့သိမ်းတိုက်ပွဲတွင် ယခင်အခြေချနေသော စစ်ကောင်စီတပ်အပြင် Mi-17 ဖြင့် (၂၁)ကြိမ် ထပ်မံအင်အား ပို့ချမှုများကြောင့် ခလရ (၅၀၊ ၈၇၊ ၃၀၁၊ ၃၀၅)၊ ခမရ (၁၆၊ ၁၀၁၊ ၁၁၁၊ ၃၆၃၊ ၃၆၈၊ ၇၀၄)၊ ရဲ နှင့် SNA တပ်မဟာ-၆၁၄ ပူးပေါင်းအင်အား (၇၇၂)ဦးထိရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က (၇၀)ခန့် သေဆုံးပြီး (၁၉၄)ဦး ပျောက်ဆုံးကာ (၂၂၅)ဦး ထိခိုက်ဒဏ်ရာရသည့်အပြင် အလင်းဝင်ရောက်လာသူ (၄၈)ဦးနှင့် စစ်သုံ့ပန်း (၁၀၂)ဦးတို့ကို ဖမ်းဆီးရမိသည်ဟု သိရသည်။

စစ်ကောင်စီတပ်သားများသည် မူးယစ်ဆေးဝါး သုံးစွဲထားသည်များကိုလည်း တွေ့ရှိရပြီး ရဲစခန်းအတွင်းမှလည်း ဘိန်းမဲအထုပ် (၁၈)ထုပ် (ခမ ၁ ပိဿာထုပ်)၊ ဘိန်းဖြူ(ဆပ်ပြာခွက်) (၁၃၅၂)ခု၊ ဘိန်းဖြူ (အထုပ်သေး) (၁၂၈၅)ခုကို သိမ်းဆည်းရရှိသည်ဟု သိရသည်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က Y-8/ 12၊ Yak-130/ MiG-29/ FTC-2000G/ K-8 W၊ Mi-2/ 17/ 35၊ ကင်းထောက်လေယာဉ်တို့ဖြင့် အကြိမ်ရေ (၆၇၀)ကျော်တွင် ဗုံးသီး အလုံးရေ (၅၀၀၀)ကျော် ကြဲချတိုက်ခိုက်သည်ဟု ဆိုသည်။ 

စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး၊ ငယ်မျိုးစုံ (၄၀၀)ကျော်၊ ခဲယမ်းမီးကျောက် အမြောက်အများ၊ ကျောက်စိမ်းတုံး(လက်ကောက်)ဆိုဒ်စုံ (၂၃၄) ခု၊ Starlink အစုံ (၁)ခု (ဗန်းကွဲ)၊ အထိုင် Jammer (၅)ခု၊ Jammer Battery (၅)ခု၊ Jammer Battery အားသွင်းခုံ အစုံ (၄)ခု၊ ကျောလွယ် Drone Shooter Gun (၄)စုံ၊ Drone Shooter Gun Tablet (၁)ခု၊ Drone အသေး (၁)ခု၊ ဆက်သွယ်ရေးစက် အစုံ (၈) ခု၊ ဆက်သွယ်ရေးစက် Power Supply လက်လှည့် (၉) ခု၊ လက်ဗွေစစ်သေတ္တာပုံး (၁)ခု သိမ်းဆည်းရရှိသည်ဟု သိရသည်။ 



          

အဆိုပါ စစ်ကောင်စီတပ်အား ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးမှူး ကွပ်ကဲမှုဖြင့် ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးရုံးအဖွဲ့၊ ကောလင်းခရိုင် ကွပ်ကဲရေးရုံး၊ ကောလင်းခရိုင် တပ်ရင်း (၁၊ ၂၊ ၃၊ ၄)၊ အမှတ် (၁) စစ်ဒေသ တိုက်ခိုက်ရေးအဖွဲ့၊ လက်နက်ကြီးအဖွဲ့၊ အထူးလှုပ်ရှား တပ်ရင်း (၁၊ ၂၊ ၄၊ ၈၊ ၁၀)၊ အမှတ် (၁၊ ၂) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ တမူးခရိုင် တပ်ရင်း-၃၊ မော်လိုက်ခရိုင် တပ်ရင်း (၁၊ ၂၊ ၄)၊ ကလေးခရိုင် တပ်ရင်း-၁၄၊ ယင်းမာပင်ခရိုင် တပ်ရင်း-၁၄၊ ယင်းမာပင်ခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း-၇၊ စစ်ကိုင်းခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ ကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ (၄၁၊  ၄၂၊ ၄၅၊ ၄၉၊ ၅၃) တပ်ရင်းများ၊ ပကဖ (စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ရွှေဘိုခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ် ပကဖ)၊ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ပလဖ (ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ်)၊ ဒရုန်းအဖွဲ့များ (အမှတ် (၁) စစ်ဒေသ၊ စစ်ကိုင်းတိုင်း PDF တာဝန်ခံရုံး၊ ရွှေဘိုခရိုင် ပကဖ၊ ပင်လည်ဘူးမြို့နယ် ကောလင်းမြို့နယ် ပကဖ၊ ဝန်းသိုမြို့နယ် ပကဖ) ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: အမှတ် (၁) စစ်ဒေသ