KTV မှ ပြန်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးကို ရေစကြို PDF က ဖမ်းမိ

KTV မှ ပြန်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးကို ရေစကြို PDF က ဖမ်းမိ

မကွေးတိုင်း ပခုက္ကူ  စက်မှုဇုန်မြို့ KTV မှ ပြန်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးဝင်းဇော် ဆိုသူကို ပစ္စတိုတစ်လက်နှင့်အတူ ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၄)ရက်နေ့ ညနေပိုင်းက အရှင်ဖမ်းဆီးရမိသည်ဟု Southern YSO PDF ထံမှ သိရသည်။

စစ်ဆေးချက်အရ ဗိုလ်ကြီးဝင်းဇော်သည် လက်ရှိနေပြည်တော် အမှတ်(၂၃)တပ်မတော် ကုတင် (၂၅) ဆေးရုံတွင် တပ်ရေး၊ တပ် ထောက်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ကာ ပခုက္ကူမြို့သို့ ခွင့်ရက်ဖြင့် ပြန်လာသူဖြစ်ပြီး ယခုအခါတွင် KTV ကနေ ပြန်လာစဉ် ဖမ်းမိခြင်းဖြစ်သည်ဟု သိရသည်။

ဗိုလ်ကြီးဝင်းဇော်သည် ဗသက-ဗထူးမြို့ အမှတ်စဉ်(၁၁၂)တွင် သင်တန်းဆင်းပြီး လုပ်သက် (၂၄)နှစ်ရှိသူ ဖြစ်ကာ မိခင်တပ်ရင်းမှာ ကလော ခလရ(၇) ဖြစ်သည်ဟု သိရသည်။

ဗိုလ်ကြီးဝင်းဇော်နှင့်အတူ မှတ်ပုံတင် တစ်ခု၊ အင်းဝဘဏ် ATM ကဒ်တစ်ခု (လစာထုတ်ယူရန်အသုံးပြုသည့် ကဒ်)၊ Shayang 125 တစ်စီး၊ ငွေကျပ်(၆၁၈,၀၀၀)၊ ပိုက်ဆံအိတ်တစ်လုံး၊ ဘေးလွယ်အိတ်တစ်လုံး၊ ဦးထုပ်တစ်လုံး၊ ဖုန်း(၃)လုံးကို သိမ်းဆည်းရရှိသည်ဟု သိရသည်။

ဗိုလ်ကြီးဝင်းဇော်အား စစ်ဆေးချက်အရ ၎င်းသည် နေပြည်တော် အမှတ် ( ၂၃ ) တပ်မတော် ဆေးရုံတွင် တပ်ရေး/တပ်ထောက် အဖြစ် တာဝန်ထမ်းဆောင်သူဖြစ်ပြီး ပခုက္ကူမြို့သို့ ခွင့်ရက်ဖြင့် ပြန်လာခြင်းဖြစ်ကြောင်း သိရသည်။



ဗိုလ်ကြီးဝင်းဇော် ကို စစ်သုံ့ပန်းဥပဒေအတိုင်း ဖမ်းဆီးထိန်းသိမ်းထားပြီး လိုအပ်သော သတင်းအချက်အလက်များကို စစ်ဆေးနေသည်ဟု သိရသည်။

 

Photo: Southern YSO PDF