ရေဦးမြို့နယ် တင်းတိမ်ရံရွာအတွင်း  စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် သားအမိ(၃)ဦး သေဆုံး 

ရေဦးမြို့နယ် တင်းတိမ်ရံရွာအတွင်း  စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် သားအမိ(၃)ဦး သေဆုံး 

 စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်း တင်းတိမ်ရံကျေးရွာအား ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ(၈)ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လာရောက်ပစ် ခတ်မှုကြောင့် ကလေး(၂)ဦးနှင့် မိခင်တစ်ဦး သေဆုံးသွားကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များထံမှ  သိရသည်။ 

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် တင်းတိမ်ရံ ကျေးရွာမှ လသားအရွယ် သမီးငယ်လေးနှင့် မိခင် ဖြစ်သူ မမွန်မွန်အောင် (၃၅)နှစ် တို့နှစ်ဦးနှင့် (၆)နှစ်အရွယ် ဖြိုးခေတ်သစ် ယောက်ျားလေးတစ်ဦးတို့ သေဆုံးသည်ဟု သိရသည်။ 

အောက်တိုဘာလ (၅)ရက်နေ့ကလည်း တင်းတိမ်ရံ ကျေးရွာအား လေကြောင်းမှ ပစ်ခတ်မှုကြောင့် မဝင်းမာဆိုသည့် အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံးခဲ့ရသည်။ 

ယနေ့ လေကြောင်းမှ တိုက်ခိုက်မှုသည် ယခင် တိုက်ခိုက်ခံရသည့်နေရာနှင့် ပေ(၅၀)ခန့်သာ ဝေးကြောင်း သိရသည်။

 

Photo: ကနီသားများ၏ရင်တွင်းအသံ