တယ်လီနောမြန်မာ၏ ပိုင်ရှင် ပြောင်းလဲခြင်းကို ယနေ့ ၂၀၂၂ခုနှစ် မတ်လ(၂၅)ရက်နေ့တွင် ပြုလုပ်ပြီး ဖြစ်၍ Telenor Group ၏ တစ်စိတ်တစ်ပိုင်းအဖြစ် လုံးဝသက်ဆိုင်တော့မည် မဟုတ်ဘဲ တယ်လီနောမြန်မာ အမည်၏ သက်တမ်းမှာလည်း (၄)လသာ ကျန်တော့ကြောင်း Telenor Group ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
တယ်လီနောမြန်မာ ၏ ပိုင်ရှင်အသစ် ပြောင်းလဲလိုက်ပြီဖြစ်သော်လည်း ဝန်ဆောင်မှုများမှာ လက်ရှိအတိုင်း ဆက်လက်ရှိနေမည်ဖြစ်၍ အသုံးပြုနိုင်မည်ဖြစ်သည်ဟုလည်း အသိပေးထားရှိသည်။
တယ်လီနောမြန်မာကို အဓိကပိုင်ဆိုင်မည့်သူမှာ ရွှေဗျိုင်းဖြူ တယ်လီကွန် ကုမ္ပဏီလီမိတက်ဟု အမည်များထွက်ထားသော်လည်း Telenor Group က အမည်ကိုတော့ ထုတ်ဖော်ထားခြင်း မရှိသေးပေ။
#TachileikNewsAgency