စိုးမိုးနယ်မြေအတွင်းရှိ စစ်ဘေးရှောင် ရေဘေးသင့် ပြည်သူများအား တော်ဝင်ဒေါင်းတပ်ရင်းမှ ကျန်းမာရေး စောင့်ရှောက်မှုပေး

စိုးမိုးနယ်မြေအတွင်းရှိ စစ်ဘေးရှောင် ရေဘေးသင့် ပြည်သူများအား တော်ဝင်ဒေါင်းတပ်ရင်းမှ ကျန်းမာရေး စောင့်ရှောက်မှုပေး
အောက်တိုဘာ 2, 2024 | 2021 Military Coup| အခြားဒေသများ

စစ်တောင်းမြစ်ဝှမ်းဒေသ PDF စစ်ကြောင်းများ၏ စိုးမိုးနယ်မြေအတွင်းရှိ စစ်ဘေးရှောင် ရေဘေးသင့်ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးကြောင်း တော်ဝင်ဒေါင်းတပ်ရင်းမှ ယနေ့  ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်တောင်းမြစ်ဝှမ်းဒေသအတွင်းမှ စစ်ဘေးရှောင် ရေဘေးသင့်ပြည်သူ အယောက် (၁၀၀) ကျော်အား တပ်ရင်းဆရာဝန်နှင့် ဆေးတပ်ဖွဲ့မှ ဆေးဝါးကုသမှုများပြုလုပ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တော်ဝင်ဒေါင်းတပ်ရင်း၏ စိုးမိုးနယ်မြေအတွင်းမှ ပြည်သူများသည် စစ်ဘေးဒဏ်ကိုသာမက သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ခဲ့ရပြီးနောက် ရေ​ပြန်ကျသွားပြီဖြစ်သော်လည်း နောက်ဆက်တွဲဆိုးကျိုးများအဖြစ် စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Royal Peacock Column-P 29913