ရန်ကုန်တွင် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ် ၂၀ ဦးကို ဖမ်းဆီးကာ တရုတ်ထံလွှဲပြောင်းလိုက်ပြီဟု စစ်ကောင်စီထုတ်ပြန်

ရန်ကုန်တွင် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ် ၂၀ ဦးကို ဖမ်းဆီးကာ တရုတ်ထံလွှဲပြောင်းလိုက်ပြီဟု စစ်ကောင်စီထုတ်ပြန်

ရန်ကုန်မြို့တွင် ကျားဖြန့်လုပ်ငန်းလုပ်နေသည့် တရုတ်နိုင်ငံသား(၂၀)ဦး ဖမ်းဆီးရမိပြီး တရုတ်နိုင်ငံထံ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၉)ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်သည်။

ရန်ကုန်မြို့တွင် တရုတ်နိုင်ငံမှ အလိုရှိတရားခံပြေး ချန်တာဝေ့ ဦးဆောင်သော ဒုစရိုက်သမားများရောက်ရှိနေပြီး အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သတင်းအရ  ဇူလိုင်လအတွင်း ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံသား ချန်တာဝေ့နှင့် ရန်လျန့် အပါအဝင် တရုတ်နိုင်ငံသား (၂၀)ဦးတို့အား ဖမ်းဆီးရမိသည်ဟု ဆိုသည်။ 

အဆိုပါဖမ်းဆီးရမိသော ချန်တာဝေ့ပါ တရုတ်နိုင်ငံသား(၂၀)ဦးအား တရုတ်နိုင်ငံသို့ အစောင့်အရှောက်များဖြင့် စက်တင်ဘာလ (၁၉)ရက်နေ့တွင် ပြည်နှင်ဒဏ်ပေး၍ လွှဲပြောင်းပေးလိုက်သည်ဟု ဆိုသည်။

#TachileikNewsAgency