တာချီလိတ်မြို့တွင် စက်တင်ဘာလ(၃၀)ရက်နေ့ကစကာ မိုးဆက်တိုက်ရွာပြီး ရေကြီး ရေလျှံ ဖြစ်ပွားနိုင်

တာချီလိတ်မြို့တွင် စက်တင်ဘာလ(၃၀)ရက်နေ့ကစကာ မိုးဆက်တိုက်ရွာပြီး ရေကြီး ရေလျှံ ဖြစ်ပွားနိုင်
စက်တင်ဘာ 28, 2024 | ရှမ်းရှေ့

 တာချီလိတ်မြို့နှင့် အနီးတဝိုက်တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့ကနေ အောက်တိုဘာလ(၄)ရက်နေ့အထိ မိုးဆက်တိုက်ရွာသွန်းပြီး မိုးများနိုင်မည်ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၂၈)ရက်နေ့ ည(၇)နာရီ (၄၅)မိနစ်အချိန်တွင် အသိပေးပြောကြားထားသည်။





သတ်မှတ်ရက်များအတွင်း တာချီလိတ် နှင့် မယ်ဆိုင်အကြား မယ်ဆိုင်ချောင်းရေတက်လာနိုင်ပြီး ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။



"တိုင်ဖွန်းမုန်တိုင်း YAGI အကြွင်းအကျန် လေပွေလှိုင်းဖြတ်သန်းစဉ်က ကဲ့သို့ မိုးသည်းထန်နိုင်ခြင်းတော့ မရှိပါ၊ သို့သော် - အချိန်ကြာကြာရွာသွန်းနိုင်ခြင်း ရွာသွန်းနိုင်မည့်ဧရိယာ ကျယ်ပြန့်နိုင်ခြင်းတို့ကြောင့် အထူးသတိပြုကြပါရန်"ဟု မိုးလေဝသပညာရှင် ဦးဝင်နိုင်က ပြောကြားထားသည်။



ယနေ့ စက်တင်ဘာလ(၂၈)ရက်နေ့ ည(၇)နာရီဝန်းကျင်က စပြီးတော့လည်း တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်း‌ရေ အခြေအနေမှာ တောင်ကျရေကြောင့် မနည်းငယ် ပြန်တက်လာသည်ကိုလည်း တွေ့ရသည်။