အာဏာသိမ်းစစ်တပ်၏ ဖိတ်ခေါ်ချက် လက်ရှိနိုင်ငံရေးပြဿနာကို ပိုဖန်တီးခြင်းဖြစ်၍ လက်ခံညှိနှိုင်းမည် မဟုတ်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ် ရေးကောင်စီ ထုတ်ပြန်

အာဏာသိမ်းစစ်တပ်၏ ဖိတ်ခေါ်ချက် လက်ရှိနိုင်ငံရေးပြဿနာကို ပိုဖန်တီးခြင်းဖြစ်၍ လက်ခံညှိနှိုင်းမည် မဟုတ်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ် ရေးကောင်စီ ထုတ်ပြန်

အာဏာသိမ်းစစ်တပ်၏ ဖိတ်ခေါ်ချက်သည် လက်ရှိနိုင်ငံရေးအကြပ်အတည်းအတွက် အဖြေမဟုတ်ဘဲ ပြဿနာကို ပိုမိုဖန်တီးစေမည့် နိုင်ငံရေးအမြတ်ထုတ်မှုတစ်ခုဖြစ်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၈)ရက်နေ့တွင် ထုတ်ပြန်သည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ် ရေးကောင်စီအနေဖြင့် စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်အပေါ် လက်ခံညှိနှိုင်းမည်မဟုတ်ဘဲ စစ်မှန်သော ဖက်ဒရယ်စနစ်ပေါ်ပေါက်ရေး ကြိုးပမ်းသွားမည်ဖြစ်ပြီး ကရင်နီပြည်အတွင်း ၎င်းတို့ မတရားလုပ်ဆောင်မှုများကို တားမြစ်သွားမည်ဖြစ်သည်ဟု ဆိုသည်။

အခြားသော ဖက်ဒရယ်ယူနစ်များနှင့် ပြည်နယ်များလည်း လူထုဆန္ဒအတိုင်း ညီညာစွာ ဆက်လက်ရပ်တည်ကြရန် တိုက်တွန်းကြောင်းလည်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီကို နိုင်ငံတဝှမ်းလုံးက ဆန့်ကျင်ကြသဖြင့် ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားမှာ တရားဝင်မှုမရှိတော့သည့်အခြေအနေတွင် စစ်ကောင်စီက ပြည်သူများအား အတင်းအဓမ္မ စစ်မှုထမ်းစေခြင်း၊ သန်းခေါင်းစာရင်း ကောက်ယူရန်အားထုတ်လာခြင်း၊ နိုင်ငံရေးထွက်ပေါက်ရှာလို၍ ရွေးကောက်ပွဲပြုလုပ်ရန် ကြိုးပမ်းလာခြင်း၊ ဒီမိုကရေစီအင်အားစုများကြား သွေးခွဲရန်ရည်ရွယ်ချက်ဖြင့် အတုအယောင်ငြိမ်းချမ်းရေးကမ်းလှမ်းခြင်း စသည် ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်လာခြင်းဖြစ်သည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ် ရေးကောင်စီက ထုတ်ပြန်ဖော်ပြသည်။

#TachileikNewsAgency

Photo:KnIC