စိုးမိုးနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူများအား PDF နှင့် ပကဖများမှ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေ

စိုးမိုးနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူများအား PDF နှင့် ပကဖများမှ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေ
စက်တင်ဘာ 25, 2024 | အခြားဒေသများ

စိုးမိုးထိန်းချုပ်နယ်မြေများအတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် PDF နှင့် ပကဖများမှ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၅) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တပ်ရင်းစစ်ကြောင်းများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များသည် စိုးမိုးထိန်းချုပ်နယ်မြေများအတွင်းရှိ ရေဘေးဒဏ်သင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ငွေသား၊ ရိက္ခာခြောက်များ ပေးပို့နေကြောင်း သိရသည်။ 

တစ်ဖက်တွင် စစ်တပ်သည် ရေဘေးဒဏ်သင့် ပြည်သူများထံသို့ ပို့ဆောင်မည့် ကူညီကယ်ဆယ်ရေး ပစ္စည်းများကို သိမ်းဆည်းခြင်း၊ ဆက်သွယ်ရေး လမ်းကြောင်းများကို ဖြတ်တောက်ပိတ်ဆို့ခြင်း စသည့် လုပ်ရပ်များကို  ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေကြောင်း သိရသည်။

တိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် မြန်မာနိုင်ငံဒေသအများအပြားတွင် ဒေသခံပြည်သူသိန်းချီ ရေဘေးဒဏ်ကြုံတွေ့ ခံစားနေရပြီး၊ သေဆုံးနှင့်ပျောက်ဆုံး လူဦးရေ (၁၀၀၀) ကျော်ထိ ရှိလာပြီ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားသည်။

#TachileikNewsAgency

Photo: Ministry of Defence - National Unity Government of Myanmar