ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၅)ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ပျက်စီးသွားသည့် အခြေအနေဖြစ်သည်။
စစ်ကောင်စီတပ်သည် လားရှိုးမြို့ ရပ်ကွက် (၁၂) AD တံတားအနီးနှင့် နည်းပညာအထက်တန်းကျောင်းအနီးသို့ ဗုံး (၃)လုံးကြဲချသွားခြင်းဖြစ်သည်။
ယမန်နေ့ စက်တင်ဘာလ (၂၄)ရက်နေ့ကလည်း စစ်ကောင်စီတပ်သည် လားရှိုးမြို့အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူတစ်ဦး သေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကာ ဟိုတယ်နှင့် နေအိမ်များ ပျက်စီးခဲ့ရသည်။
#TachileikNewsAgency