လားရှို့မြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၍ အရပ်သား ထိခိုက်ဒဏ်ရာ ရရှိသူများပြား

လားရှို့မြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၍ အရပ်သား ထိခိုက်ဒဏ်ရာ ရရှိသူများပြား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ကို အာဏာသိမ်းစစ်ကောင်စီ၏ လေတပ်က စက်တင်ဘာလ(၂၄)ရက်နေ့ အကူးပိုင်းတွင် ပေါင်(၅၀၀)ဗုံးများ ကြဲကျတိုက်ခိုက်သည့် အတွက် အဆောက််အဦးများ ပျက်စီးပြီး အရပ်သား ထိခိုက်ဒဏ်ရာရရှိသူ များကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၂၄)ရက်နေ့အကူး နံနက်(၁)နာရီခွဲဝန်းကျင်ကနေ နံနက်(၄)နာရီကျော်အချိန်အထိ ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့ပေါ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရပ်ကွက်(၂)အတွက်ရှိ ရထိုက်ဟိုတယ်၊ Golden Sunflower(ဖူလီလိုက်)ဟိုတယ် နှင့် ကြက်ကင်ဆိုင်လမ်းကြား လပ်ကီးရွှေဆိုင်အိမ် အပေါ်အဝင် နေအိမ်များပေါ်လကျရောက် ပေါက်ကွဲခဲ့ကြောင်းသိရသည်။

အာဏာသိမ်းစစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း လားရှိုးမြို့ အပါအဝင် နောင်ချို နှင့် သီပေါမြို့ပေါ်များသို့ ပြည်သူများ အိပ်ကောင်းနေချိန် ညစဉ် အလှည့်ကျ လေကြောင်းကနေ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည်။

 

Photo: Nay Wai Soe