ပခုက္ကူမြို့နယ် အနောက်ဘုန်းကန်ရွာရှိ စစ်ကောင်စီတပ်စွဲထားသည့် နေရာများအား ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း ပခုက္ကူမြို့နယ် အနောက်ဘုန်းကန်ရွာရှိ စစ်ကောင်စီတပ်စွဲထားသည့် နေရာများအား ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Force–UG အဖွဲ့မှ ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၂) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အနောက်ဘုန်းကန်ရွာရှိ စစ်ကောင်စီတပ်စွဲထားသည့် နေရာများအား စက်တင်ဘာလ (၂၁) ရက်နေ့ ညနေ (၄) နာရီခန့်တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း ရော့ကတ်များသည် စစ်ကောင်စီအထိုင်ချ တပ်စွဲထားသည့် ဘန်ကာများ အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိနိုင်ကာ ဘန်ကာအတွင်း ပြေးဝင်ပုန်းအောင်းနေကြောင်း Young Force–UG အဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Force-UG၊ Cobra One နှင့် Thurain-TR တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video: Young Force UG