ကုလတွင် ဦးကျော်မိုးထွန်းဆက်ရှိရေး အမေရိကန်ရောက်မြန်များတောင်းဆို

ကုလတွင် ဦးကျော်မိုးထွန်းဆက်ရှိရေး အမေရိကန်ရောက်မြန်များတောင်းဆို

မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်လက်တည်ရှိရေးအတွက် Global Action for Credential Campaign 2024 အဖြစ် နယူးယောက်မြို့ UN ရုံးချုပ်​ရှေ့တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၁)ရက်နေ့တွင် လူထုထောက်ခံချီတက်ပွဲကျင်းပကြောင်း သိရသည်။ 

အဆိုပါအခမ်းနားတွင် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း၊ NUG အစိုးရအဖွဲ့မှ ကျန်းမာရေး၀န်ကြီးဌာနဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့က အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂတွင် မြန်မာပြည်သူများကိုယ်စားပြု ဦးကျော်မိုးထွန်းဆက်လက်တည်ရှိရေးအပြင်၊ တရားဥပဒေမဲ့စွာ ပြောင်ပြောင်တင်းတင်းလုပ်ဆောင်နေသော စစ်အကြမ်းဖက်အုပ်စုအား နိုင်ငံတကာမှ ပယ်ကျဉ်ကာ၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဝိုင်းဝန်ကူညီပေးကြရန်ကိုလည်း တောင်းဆိုခဲ့ကြကြောင်း သိရသည်။ 

ထို့နောက် UN ရုံးချုပ်ရှေ့မှ နယူးယောက်မြို့လယ်ရှိ Time Square ရင်ပြင်အနီးသို့ နယူးယောက်မြို့လယ်ကိုဖြတ်သန်းကာ အမေရိကန်ပြည်ထောင်စု တဝှမ်းရှိ မြန်မာပြည်ဖွားတိုင်းရင်းသားပေါင်စုံမှ ကြွေးကြော်သံများဟစ်ကြွေး၍ ချီတက်ခဲ့ကြကြောင်း သိရသည်။

#TachileikNewsAgency

Photo: Kyaw Soe Latt