လွိုင်ကော်မြို့ ရေဆက်တက်

လွိုင်ကော်မြို့ ရေဆက်တက်
စက်တင်ဘာ 21, 2024 | ကယား

ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင် ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၁)ရက်နေ့အထိ ဘီလူးချောင်းရေဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ရပ်ကွက်နှင့် ကျေးရွာများ ရေနစ်မြုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

လွိုင်ကော်မြို့တွင် ဘီလူးချောင်းရေတက်လာပြီး ရပ်ကွက်နှင့် ကျေးရွာများသည် စက်တင်ဘာလ (၁၅)ရက်နေ့က စတင်ကာ ရေမြုပ်နေခြင်းဖြစ်သည်။ 

"နမ့်ကွတ်၊ ဒေါနိုးကူး အိမ်တွေပါ မြုပ်နေပြီ။ ကျန်တဲ့အနိမ့်ပိုင်းတွေက ရေတတ်လာတာနဲ့အမျှ မြုပ်မှာ။ အခုတံတားလည်း ရေကျော်နေပြီ။ ရေဆက်တက်လာနေတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ယနေ့ နေ့လယ်ပိုင်းတွင်ပြောသည်။

လက်ရှိတွင် လွိုင်ကော်မြို့ရှိ နမ့်ကွဒ်၊ ချိကယ်အစပ်၊ ဒေါနိုးကူး၊ မှုံပြာ၊ ဘုရားဖြူ၊ ဖေါင်းတော၊ ဘုရားနီ မင်းစုကွက်သစ် စသည့် ရပ်ကွက်နှင့် ကျေးရွာများ ရေမြုပ်နေကာ ပြောင်းရွှေ့နေကြရသည်ဟု သိရသည်။ 

လွိုင်ကော်မြို့သို့ ဝင်ရောက်လာသည့် မြစ်ရေများမှာ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသက ရေများဖြစ်သည်ဟု ဆိုသည်။

#TachileikNewsAgency

Photo: CJ