မိုးကုတ် စစ်ရှောင်များကို မန္တလေး PDF ဆန်နှင့် ငွေကြေး ကူညီပံ့ပိုး

မိုးကုတ် စစ်ရှောင်များကို မန္တလေး PDF ဆန်နှင့် ငွေကြေး ကူညီပံ့ပိုး
စက်တင်ဘာ 19, 2024 | အခြားဒေသများ

၁၀၂၇ စစ်ဆင်ရေးအတွင်း မိုးကုတ်မြို့နယ်တွင်းမှ စစ်ဘေးရှောင်ခဲ့ရသူများကို ဆန်အိတ်(၅၀၀)နှင့် ငွေသား ကျပ်သိန်း(၁၅၀) ကူညီပံ့ပိုးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ၂၀၂၄ ခုနှစ် စက်တင်ဘာလ(၁၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မိုးကုတ်မြို့နယ်အတွင်း ကျေးရွာ (၅)ခုမှ စစ်ရှောင် အိမ်ထောင်စု တစ်စုလျှင် ဆန်(၁)အိတ်နှင့် (၅၀,၀၀၀)ကျပ်နှုန်းဖြင့် ပံ့ပိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် MDY PDF အပါအဝင် တော်လှန်ရေးအင်အားစုများမှာ ပြည်သူလူထု၏ ကူညီပံ့ပိုးမှုဖြင့် စစ်အာဏာရှင် တော်လှန်ရေးလုပ်နေကြခြင်းဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ တွင် ရှမ်းပြည်မြောက်ပိုင်း၌ ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်သည့် MNDAA၊ AA၊ TNLAတို့စတင်ခဲ့သည့် စစ်ဆင်ရေးဖြစ်ပြီး BPA၊ MDY PDF စသည့်တော်လှန်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: MDY-PDF