အာဏာသိမ်းစစ်ကောင်စီတပ်သည် ရေဘေးကယ်ဆယ်ရေးကို ထိထိရောက်ရောက် မလုပ်ဘဲ နောင်ချိုမြို့ဦး လေကြောင်းက နေ ဗုံးကြဲ

အာဏာသိမ်းစစ်ကောင်စီတပ်သည် ရေဘေးကယ်ဆယ်ရေးကို ထိထိရောက်ရောက် မလုပ်ဘဲ နောင်ချိုမြို့ဦး လေကြောင်းက နေ ဗုံးကြဲ
စက်တင်ဘာ 14, 2024 | 2021 Military Coup| ရှမ်းမြောက်

 တစ်နိုင်ငံလုံး ရေဘေးသင့်ကာ ပိတ်မိနေ၍ ကူညီကယ်ဆယ်ရေး လိုအပ်နေချိန်တွင် စစ်ကောင်စီတပ်က ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း နောင်ချိုမြို့နယ်ကို ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ(၁၄)ရက်နေ့ နေ့လယ်ပိုင်းတွင် တိုက်လေယာဥ်ဖြင့် ဗုံး(၄) လုံးကြဲချရာ အဆောက်အဦးများ ပျက်စီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ကျောက်မဲမြို့အထွက် Asia World တိုးဂိတ်အနီး သံလမ်းရှိနေအိမ်များပေါ်ကြဲ သွားသည့်အပြင် နောင်ချိုမြို့ပေါ်ရပ်ကွက် သပြေရေအရှေ့ဘက်ကို လည်း ဗုံးကြဲသည်ဟု သိရသည်။



"လေယာဥ်နှစ်စီးဝဲပြီး ချက်ခြင်း ဗုံးကြဲသွားတာ။ နှစ်လုံးက ရထားသံလမ်းနားက အိမ်တွေကို ကြဲသွားတာ။ အိမ်တွေပျက်စီးသွားတယ်။ လမ်းလည်း ပေါက်သွားတယ်။ အားပြင်းပါတယ်။ နောက်နှစ်လုံးက နောင်ချိုမြို့ပေါ်ရပ်ကွက် သပြေရေအရှေ့ဘက်ကို ကျတာ။ တစ်လုံးကမပေါက်ဘူး။ အဲဒီဘက်က လူသိပ်မရှိလို့ တိတိကျကျမသိရသေးဘူး။ လူထိ ခိုက်မှုတော့မရှိဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

ယမန်နေ့ နေ့လယ်ပိုင်းကလည်း စစ်ကောင်စီသည် လေကြောင်းဖြင့် နောင်ချိုမြို့နယ်ကို ဗုံးကြဲချရာ နောင်ချိုရဲစခန်းဝန်းအတွင်းနှင့် လူနေရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦးများ ထိခိုက်ပျက်စီသွားခဲ့သည်။