ဖယ်ခုံမြို့နယ် သိကျိတ်ရွာ တောင်ကျရေကြောင့် ဒေသခံ ၃ ဦးသေဆုံး နေအိမ် ၂၅ လုံးပျက်စီး

ဖယ်ခုံမြို့နယ် သိကျိတ်ရွာ တောင်ကျရေကြောင့် ဒေသခံ ၃ ဦးသေဆုံး နေအိမ် ၂၅ လုံးပျက်စီး
စက်တင်ဘာ 12, 2024 | ကယား

ကရင်နီပြည်နယ် ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာတွင် တောင်ကျရေကြောင့် ဒေသခံ(၃)ဦး သေဆုံးပြီး နေအိမ်(၂၅)လုံး ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ 

၂၀၂၄ ခုနှစ် စက်တင်ဘာ (၁၁)ရက်နေ့ နံနက်(၄)နာရီဝန်းကျင်တွင် တောင်ကျချောင်းရေများ စီးဆင်းလာပြီး သိကျိတ်ရွာအတွင်းရှိ လူနေအိမ်များနှင့် လမ်းပိုင်းကို တိုက်စားကာ နေအိမ်များ ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

သိကျိတ်ရွာတွင် တောင်ကျရေကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့် အဘွားအိုတစ်ဦး ဆေးရုံတွင်ဆုံးကာ မိန်းကလေးတစ်ဦး၏ အလောင်းကို ကံဆန်းချောင်း၌ ပြန်တွေ့ပြီး လူငယ်တစ်ဦးလည်း ဆုံးပါးသွားသည်ဟု သိရသည်။ 

သိကျိတ်ကျေးရွာတွင် အရေးပေါ်ကူညီကယ်ဆယ်မှုများကို ရွာအတွင်းရှိ ပြည်သူလူထုများက လုပ်ဆောင်နေကြကြောင်း သိရသည်။

#TachileikNewsAgency

Photo : CJ