တာချီလိတ်မြို့ မယ်ဟုတ်ချောင်းဝန်းကျင်တွင် အမျိုးသားတစ်ဦး တစ်ဦး ရေထဲ မျောပါသွား

တာချီလိတ်မြို့ မယ်ဟုတ်ချောင်းဝန်းကျင်တွင် အမျိုးသားတစ်ဦး တစ်ဦး ရေထဲ မျောပါသွား

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စုအတွင် မယ်ဟုတ်ချောင်းရေသည် တံတားပေါ် ဖုံးလွှမ်းမှု ဖြစ်ပွားသည့် ရေစီးသန်သည့် ဖြစ်စဉ်အတွင်း စိတ်မနှံ့သူ တစ်ဦး ရေထဲ မျှောပါသွားကြောင်း သိရသည်။

"နေ့လည်က တစ်ယောက်ပါသွားပြီ။ စိတ်မနှံ့သူ အမျိုးသားတစ်ဦးပါ"ဟု ဒေသခံ အမျိုးသမီးတစ်ဦး Tachileik News Agency သို့ စက်တင်ဘာလ(၁၁)ရက်နေ့က ပြောသည်။ 

မယ်ဟုတ်ချောင်းရေသည် နှစ်စဉ် မိုးရာသီကာလတိုင်း ရေကြီးရေလျှံမှု ဖြစ်ပွားလေ့ရှိသော်လည်း ယခုလို တံတားပေါ်အထိ ရေလွှမ်းမိုးသည့် ဖြစ်စဉ်မျိုး တစ်ကြိမ်မျှ ဖြစ်ပေါ်ဖူးခြင်းမရှိကြောင်း သိရသည်။

  တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စုအတွင်း တာချီလိတ် - တာလေသွားလမ်းပေါ်ရှိ မယ်ဟုတ်တံတားပေါ်တွင်  ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၁)ရက်နေ့ ရေများဖုံးလွှမ်းသွားပြီး အနီးရှိ နေအိမ်များအထိ ရေနစ်မြုပ်ကာ တိုးဂိတ်အထိ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကြောင်းနှင့် ယနေ့ စက်တင်ဘာလ(၁၂)ရက်နေ့ နံနက်အစောပိုင်းအချိန်အထိ ရေများရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

ဖန်မင်ကျေးရွာအုပ်စုအတွင်း မယ်ဟုတ်ချောင်းတဝိုက် မယ်ယန်းတွင် နေအိမ်အားလုံးနီးပါး ရေများ ဝင်ရောက်နေလျှက်ရှိကြောင်းနှင့် ပိတ်မိနေသူများလည်း များပြားနေရာ ကူညီကယ်ဆယ်ရေးအနေဖြင့် ရွှေမယ်ယန်း(ပရဟိတ)လူမှုကူညီရေးအသင်း က ကူညီပေးနေသော်လည်း ကူညီပေးနိုင်မည့် အင်အားများ လိုအပ်နေလျှက်ရှိကြောင်း သိရသည်။