တာချီလိတ် နှင့် မယ်ဆိုင် နှစ်ဖက်စလုံး မကြုံစဖူး ရေကြီးရေလျှံမှု ဖြစ်ပေါ်

 နယ်စပ်ဒေသ တာချီလိတ်မြို့မှာ နှစ်စဉ် မိုးရာသီတိုင်း  ရေကြီးရေလျှံမှုတွေ ဖြစ်ပွားလေ့ရှိပေမဲ့ အခုလို မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားပေါ်အထိ ရေတက်လာတာမျိုးတွေနဲ့ အဝိုင်းပတ်အထိ ရေရောက်လာတဲ့ ဖြစ်စဉ်မျိုး တစ်ခါမှ မဖြစ်ပေါ်ခဲ့ဖူးဘဲ ဒီနေ့  ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့မှာ ဖြစ်ပေါ်လာပါတယ်။ 

အခုလိုဘဲ တာချီလိတ်မြို့ရဲ့ တဖက် ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်က တံတားထိပ်မှာလည်း ရေတွေ တက်လာတဲ့အထိ ဖြစ်ပွားနေပါတယ်။

နှစ်နိုင်ငံအကြား မယ်ဆိုင်ချောင်းရေ အဆမတန် မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့ရဲ့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေလွှမ်းမိုးမှုတွေအထိ ဖြစ်ပွားနေပြီး ပုန်းထွန်ရပ်ကွက်ထဲက အချို့ နေအိမ်လည်း ရေနစ်မြုပ်မှုနဲ့ ကြုံနေရပါတယ်။