မြင်းမူမြို့အဝင်တွင် ဆက်ကြေးကောက်နေသည့် စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့အား တော်လှန်ရေးတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်

မြင်းမူမြို့အဝင်တွင် ဆက်ကြေးကောက်နေသည့် စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့အား တော်လှန်ရေးတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်
စက်တင်ဘာ 1, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း မြင်းမူမြို့အဝင်တွင် ပြည်သူများထံမှ ဆက်ကြေးကောက်နေသည့် စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့အား ပစ်ခတ်တိုက်ခိုက်ကြောင်း Moe Nyo Revolution Force (M.N.R.F) အဖွဲ့ထံမှ သိရသည်။

မြင်းမူမြို့အဝင်တွင် ဆက်ကြေးကောက်နေသည့် စစ်တပ်နှင့်ရဲ ပူးပေါင်းအင်အား (၃၀)ခန့် ပါရှိသည့် အဖွဲ့အား ၂၀၂၄ခုနှစ် သြဂုတ်လ (၃၁) ရက်နေ့ နေ့လယ် (၁) နာရီခန့်တွင် တော်လှန်ရေးတပ်ဖွဲ့မှ M9 ဗုံးသီး (၂) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနီးသို့ ကျရောက်ပြီး စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားကာ ထိခိုက်သေဆုံးမှုကိုမူ သိရှိခြင်းမရှိကြောင်း M.N.R.F အဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ (၉) ရက်နေ့က မုံရွာမြို့မှထွက်လာသည့် စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များ လိုက်ပါလာသည့် စစ်ကောင်စီကား (၄) စီးအား မြင်းမူမြို့အဝင်တိုးဂိတ်၌ တိုက်ခိုက်မှုတွင် DK PDF MMU အဖွဲ့၏ ဦးဆောင်မှုနှင့်အတူ M.N.R.F အဖွဲ့မှ ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အများအပြား ထိခိုက်သေဆုံးခဲ့သည်။

#TachileikNewsAgency