မန္တလေးမှသည် နေပြည်တော်သည် မဝေးတော့ဘဲ ရှေ့ဆက်ချီတက်နေကြောင်း မန္တလေး PDF ထုတ်ပြန် 

မန္တလေးမှသည် နေပြည်တော်သည် မဝေးတော့ဘဲ ရှေ့ဆက်ချီတက်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ ၂၀၂၄ ခုနှစ် သြဂုတ်လ(၂၈) ရက်နေ့တွင် ထုတ်ပြန်သည်။

"၂၀၂၁ ခုနှစ်တုန်းက ရှမ်းမြောက်ကနေ မန္တလေးတိုင်းကို နေ့ချင်းပြန် ခရီးသွားနိုင်ဖို့ဆိုတာ အိပ်မက်လား တကယ်လားလို့ မေးရလိမ့်မယ်။ အခုတော့ဖြင့် မန္တလေးတိုင်းကနေ ရှမ်းမြောက်ကို နေ့ချင်းပြန်တက်ပြီး ရှမ်းခေါက်ဆွဲစားဖို့ဆိုတာ ဧကန်အမှန်ဖြစ်လာခဲ့ပြီ။ စစ်သည်၊ စစ်မေများရဲ့ အားစိုက်ထုတ်မှု ပြည်သူတွေရဲ့ အားပေးထောက်ခံမှုနှင့်အတူ ရှမ်းမြောက် - မန္တလေး၊ မန္တလေး - ရှမ်းမြောက်ဖြစ်ပြီးရင် မန္တလေးမှသည် နေပြည်တော်ဆိုတာလည်း မဝေးတော့ဘူး ဆိုတာ အသေအချာပါဘဲ။ မဝေးကွာတော့တဲ့ ခရီးစဉ်များအတွက် အသက်ပေးလှူသွားရသောစစ်သည် ၊ စစ်မေများနှင့် ကိုယ်လက်အင်္ဂါစွန့်လွှတ်လှူဒါန်းသွားသော စစ်သည်၊ စစ်မေများကို ဦးညွှတ်ဂုဏ်ပြုလျက်"ဟုဆိုကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) က ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ PDF တပ်ရင်း ၊ ပကဖများနှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များသည် သပိတ်ကျင်းမြို့အား ၂၀၂၄ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့တွင် ဟန်ချက်ညီညီ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မန္တလေးတိုင်းအတွင်းရှိ စစ်ရေးပစ်မှတ်များအား ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိသည်။

#TachileikNewsAgency

Video : ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)