ပေါင်းတည်မြို့နယ် ပျံချီတက်ရွာကို မီးတင်ရှို့ခဲ့သည့် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

ပေါင်းတည်မြို့နယ် ပျံချီတက်ရွာကို မီးတင်ရှို့ခဲ့သည့် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့နယ်အတွင်းရှိ ပျံချီတက်ရွာကို မီးတင်ရှို့ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ကြောင်း PPDF - ၃၆၀၁ တပ်ရင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၂၀၂၄ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပေါင်းတည်မြို့နယ်အတွင်းရှိ ပျံချီတက်ရွာကို မီးတင်ရှို့ခဲ့သည့် အင်အား (၇၀) ခန့် ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းအား သစ်ပုတ်အုပ်စု ပျံချီတက်ရွာနှင့် သစ်ပုတ်ရွာကြားတွင် သြဂုတ်လ (၂၃) ရက်နေ့ နံနက် (၉) နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိနိုင်ပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ ပြီးခဲသည့် သြဂုတ်လ (၂၀) ရက်နေ့တွင် ပျံချီတက်ရွာအား မီးတင်ရှို့ရာ နေအိမ် (၂၁) လုံးနှင့် ကုန်တင်ယာဉ်ကား (၁) စီး ပျက်စီးခဲ့ပြီး ၊ နွား (၄) ကောင်နှင့် ဝက် (၉) ကောင်တို့ သေဆုံးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency