မှော်ဘီမြို့နယ် ပြည်လမ်းမပေါ်ရှိ တပ်မတော်အုပ်ချုပ်မှုသင်တန်းကျောင်းဂိတ်ကင်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

မှော်ဘီမြို့နယ် ပြည်လမ်းမပေါ်ရှိ တပ်မတော်အုပ်ချုပ်မှုသင်တန်းကျောင်းဂိတ်ကင်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ပြည်လမ်းမပေါ်ရှိ တပ်မတော်အုပ်ချုပ်မှုသင်တန်းကျောင်း ဂိတ်ကင်းအား လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း Yangon Amry (YA) အဖွဲ့ထံမှ သိရသည်။

မှော်ဘီမြို့နယ် ပြည်လမ်းမပေါ်ရှိ တပ်မတော်အုပ်ချုပ်မှုသင်တန်းကျောင်း ဂိတ်ကင်းအား ၂၀၂၄ခုနှစ် သြဂုတ်လ (၂၄) ရက်နေ့ ည (၇) နာရီခွဲဝန်းကျင်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပြင်းအားမြင့် လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိကြောင်း Yangon Amry (YA) အဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား Yangon Amry (YA) အဖွဲ့နှင့် အနောက်ပိုင်းခရိုင် ပ.က.ဖ အဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်သူအားများအား ဖိနှိပ်မှုများ လုပ်ဆောင်နေပြီး စစ်မှုထမ်းဥပဒေကို အားပေးအားမြှောက်ပြုနေသည့် အုပ်ချုပ်ရေးမှုးများအား ထိရောက်စွာ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Yangon Amry (YA) အဖွဲ့က အသိပေးထားသည်။

#TachileikNewsAgency