အုတ်ဖိုမြို့နယ်တွင် သတင်းလာစုံစမ်းသည့် စစ်ကောင်စီတပ်သားကို ဖမ်းဆီးစဥ် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ရ

အုတ်ဖိုမြို့နယ်တွင် သတင်းလာစုံစမ်းသည့် စစ်ကောင်စီတပ်သားကို ဖမ်းဆီးစဥ် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ရ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အရပ်ဝတ်ဖြင့် သတင်းလာစုံစမ်းသည့် စစ်ကောင်စီတပ်သားတစ်ဦးကို တော်လှန်ရေးတပ်က ဖမ်းဆီးစဥ် ပြန်လည်ခုခံခြင်းကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ(၅)ထံမှ သိရသည်။

ယမန်နေ့ ၂၀၂၄ ခုနှစ် သြဂုတ်လ (၂၃)ရက်နေ့တွင် အုတ်ဖိုမြို့နယ် ချောင်းဂေါင်းအုပ်စုအပိုင် ပဲခူးရိုးမရှိ တောင်ယာတဲအတွင်း၌ စစ်ကောင်စီတပ်သားတစ်ဦး အရပ်ဝတ်ဖြင့် သတင်းစုံစမ်းရန်ရောက်ရှိနေကြောင်း ကြားသိရသဖြင့် သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ(၅)၏ ဗျူဟာစစ်ကြောင်းမှ သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

ဖမ်းဆီးစဥ် ပြန်လည်ခုခံသဖြင့် သေနတ်ဖြင့် (၁၅)ချက်ပစ်ခတ်ကာ ရှင်းလင်းလိုက်ပြီး ၎င်းထံမှ (၉) မမ သေနတ်အတိုတစ်လက်၊ ကျည်ဘောက်(၂)ခု၊ ကျည်(၄)တောင့်၊ မိုလ်ဘိုင်းဖုန်းတစ်လုံးနှင့် စစ်လွယ်အိတ်တစ်လုံးတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။ 

အဆိုပါ ပစ်ခတ်ရှင်းလင်းလိုက်သည့် စစ်ကောင်စီတပ်သားသည် မင်းလှမြို့နယ်အခြေစိုက် ခလရ(၁) တပ်ရင်းမှ တပ်သား လက်ကပ် ဆိုသူဖြစ်ပြီး ၎င်းသည် ကြို့ပင်ကောက်မြို့နယ်က စစ်ကောင်စီ ဗိုလ်ကြီး ရန်နိုင်စိုးနှင့်အတူနေ၍ တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို လိုက်လံစုံစမ်းနေသူ ဖြစ်သည်ဟုလည်း သိရသည်။

#TachileikNewsAgency