ကျိုက်ထိုတွင် စစ်ကောင်စီတပ်က စီးနင်းပစ်ခတ်မှုကြောင့် KRF ရဲဘော်နှစ်ဦးနှင့် သတင်းထောက်နှစ်ဦး ကျဆုံး

ကျိုက်ထိုတွင် စစ်ကောင်စီတပ်က စီးနင်းပစ်ခတ်မှုကြောင့် KRF ရဲဘော်နှစ်ဦးနှင့် သတင်းထောက်နှစ်ဦး ကျဆုံး

မွန်ပြည်နယ် ကျိုက်ထိုမြို့တွင် နေအိမ်တစ်အိမ်အား စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်ရာ တော်လှန်ရေးရဲဘော်(၂)ဦးနှင့် သတင်းထောက်(၂)ဦး ကျဆုံးသွားကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစုထံမှ သိရသည်။ 

၂၀၂၄ ခုနှစ် သြဂုတ်လ (၂၁)ရက်နေ့က ကျိုက်ထိုမြို့နယ် လက်ပြကျေးရွာရှိ သတင်းထောက် ကိုထက်မြတ်သူ၏ နေအိမ်အား စစ်ကောင်စီတပ် က ဝင်ရောက်စီးနင်းပစ်ခတ်ရာ ကျိုက်ထိုတော်လှန်ရေး အင်အားစုမှ ရဲဘော်(၃)ဦးအနက် ရဲဘော်အဝင်းနှင့် ရဲဘော်ကျင်ဝှက်တို့ ကျဆုံးပြီး ကျန်ရဲဘော်တစ်ဦးမှာ လွတ်မြောက်သွားကြောင်း သိရသည်။ 

ထို့အပြင် သတင်းထောက်များဖြစ်သည့် ကိုထက်မြတ်သူနှင့် DVB CJ သတင်းထောက် ဝင်းထွဋ်ဦးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်သွားသည်ဟု ဆိုသည်။

၎င်းတို့ကျဆုံးခြင်း၏ အကျိုးဆက်ကို စစ်ကောင်စီအနေဖြင့် တာဝန်ခံရမည်ဖြစ်သည်ဟုလည်း ထုတ်ပြန်သည်။

နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကြောင့် သတင်းသမား(၄)ဦးအထိ ကျဆုံးခဲ့ရပြီးဖြစ်သည်။

#TachileikNewsAgency