ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသည့် ကျက်ထိုးနယ်မြေရဲကင်းစခန်းကို တော်လှန်ရေးတပ်များဖျက်ဆီး

ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသည့် ကျက်ထိုးနယ်မြေရဲကင်းစခန်းကို တော်လှန်ရေးတပ်များဖျက်ဆီး

မကွေးတိုင်း ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီတပ်သားများထွက်ပြေးသွားသည့် ကျက်ထိုးနယ်မြေရဲကင်းစခန်းအား ဖျက်ဆီးလိုက်ကြောင်း ABSDF က ထုတ်ပြန်သည်။

ကျက်ထိုးအုပ်စု ကျက်ထိုးနယ်မြေရဲကင်းစခန်းမှ စစ်ကောင်စီတပ်သားများသည် ယနေ့ ၂၀၂၄ခုနှစ်  ဩဂုတ်လ (၂၂)ရက်နေ့ နံနက်ပိုင်းတွင် စခန်းစွန့်ခွာထွက်ပြေးသွားကြခြင်းဖြစ်သည်ဟု သိရသည်။

ကျက်ထိုးနယ်မြေရဲကင်းသည် ရဲအင်အား(၂၀)ကျော်ဖြင့် ပခုက္ကူမြိုနယ် ကမ္မမြိုနှင့် မြစ်ခြေမြို ဆက်သွယ်ထားသည့် လမ်းမပေါ်တွင် တပ်စွဲနေခြင်းဖြစ်သည်။ 

စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာသွားသဖြင့် စခန်းရှိ မြေစိုက်ဘန်ကာများ အဆောက်အဦးများအား ABSDF အမှတ် (၃)စစ်ကြောင်းမှ မီးရှို့ ဖျက်ဆီးခြင်းများ၊ ဘူထိုဇာ အသုံးပြု၍ ဖျက်ဆီးခြင်းများအား တော်လှန်ရေးအင်အားစုများနှင့်အတူ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 

ထိုအပြင် ပခုက္ကူမြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ သာကြီးတောင် ရေနံမြေရဲကင်းကိုလည်း ဩဂုတ်လ (၂၀)ရက် နေ့က ပေါက်မြို့နယ် ပကဖ နှင့် တော်လှန်ရေးအင်အားစုများမှ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ယနေ့တွင် စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

#TachileikNewsAgency

Photo: ABSDF Column - 3