ရွှေဘိုမြို့ တက္ကသိုလ်ကျောင်းပေါက်ဝတွင် ဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရ 

ရွှေဘိုမြို့ တက္ကသိုလ်ကျောင်းပေါက်ဝတွင် ဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရ 

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ တက္ကသိုလ်ကျောင်းပေါက်ဝတွင် ဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ကြောင်း နယ်စည်းမခြားရွှေဘိုသား (LPDF) အဖွဲ့ထံမှ သိရသည်။

ရွှေဘိုမြို့ တက္ကသိုလ်ကျောင်းပေါက်ဝသို့ ထွက်လာပြီး ဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ယနေ့ သြဂုတ်လ ( ၁၈ ) ရက်နေ့ နံနက်၈ နာရီ ၃၀ မိနစ်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီး (၆) လုံးပစ်ချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖရိုဖရဲဖြစ်ကာ ထိခိုက်မှုများရှိခဲ့ကြောင်း နယ်စည်းမခြားရွှေဘိုသား (LPDF) အဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအား နယ်စီးမခြားရွှေဘိုသား (LPDF) နှင့် ခင်ဦးမြို့နယ် နဂါးညီနောင် Drone တပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency