အတင်းအဓ္ဓမရောင်းနေသည့် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို ၀ယ်ယူသူမရှိ

အတင်းအဓ္ဓမရောင်းနေသည့် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို ၀ယ်ယူသူမရှိ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ယနေ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၅)ရက်နေ့တွင် လေလံထပ်ပစ်ရာ ၀ယ်ယူသူမရှိဟု သိရသည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄)နေအိမ်နှင့်ခြံဝင်းကို စစ်ကောင်စီလက်အောက်ခံ တရားရေးဌာနက ယနေ့တွင်

ဒုတိယအကြိမ် လေလံပစ်ခြင်းဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကိုငွေကျပ် ဘီလီယံ(၃၀၀)ဖြင့်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။ 

ပြီးခဲ့သည့် မတ်လ(၂၀)ရက်နေ့ကလည်း ပထမအကြိမ် ငွေကျပ်(၃၁၅)ဘီလီယံဖြင့် ရောင်းချရာ ၀ယ်သူ မရှိခဲ့ပေ။ 

ခြံအမှတ်(၅၄)၏ ဧရိယာအကျယ်အဝန်းမှာ (၁.၉၂၃)ဧက ကျယ်ဝန်းပြီး စတုရန်းပေ (၈၃၇၆၅.၈၈)ပေရှိကြောင်း သိရသည်။

အဆိုပါနေအိမ်ကို ဦးအောင်ဆန်းဦးက အမွေလိုချင်သဖြင့် တရားစွဲဆိုရာက ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားချိန် စစ်ကောင်စီတရားရုံးက ဦးအောင်ဆန်းဦးအား အနိုင်ပေးခဲ့ခြင်းဖြစ်သည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အဆိုပါအိမ်သည် အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားခြင်းကြောင့် ပုဂ္ဂလိကပိုင်အဖြစ် ရောင်းချခြင်းများလုပ်ပါက အရေးယူမည်ဟု ကြေညာထားခြင်းဖြစ်သည်။

#TachileikNewsAgency