ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၂)ရက်နေ့ ညပိုင်းက လေကြောင်းမှဗုံးကြဲရာ အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း သိရသည်။
TNLA သိမ်းပိုက်ထားသည့် နမ့်ဆန်မြို့ကို စစ်ကောင်စီတပ်က ယမန်နေ့ ည (၁၁)နာရီ (၄၁)မိနစ်တွင် တစ်ကြိမ်၊ (၁၁)နာရီ (၄၅)မိနစ်တွင် တစ်ကြိမ်နှင့် (၁၁)နာရီ (၅၁)မိနစ်တွင် တစ်ကြိမ် ဂျက်လေယာဥ်ဖြင့် ဗုံး(၆)လုံး ကြဲချသည်ဟု သိရသည်။
"တစ်ဦးသေတယ်။ တစ်ဦးဒဏ်ရာရတယ်။ သေဆုံးသူအမည်ကို မသိရသေးဘူး။ အသက်(၃၀)အရွယ် အမျိုးသားတစ်ဦးပါ။ ဒဏ်ရာရတာလဲ အမျိုးသားပဲ။"ဟု ဒေသခံတစ်တစ်ဦးက Tachileik News Agency ကိုပြောသည်။
ဗုံးကြဲခံရခြင်းကြောင့် EPC ရုံး၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်(၃)လုံးပျက်စီးသည်ဟု သိရသည်။
#TachileikNewsAgency
Photo: CJ