မြင်းခြံတွင် တော်လှန်ရေးတပ်ဖွဲ့၏ သတင်းလာရောက်စုံစမ်းသော ရဲတစ်ဦးနှင့် ပြည်သူ့စစ်တစ်ဦးကိုဖမ်းမိရာ ခုခံသည့် ပြည်သူ့စစ်သေဆုံး

မြင်းခြံတွင် တော်လှန်ရေးတပ်ဖွဲ့၏ သတင်းလာရောက်စုံစမ်းသော ရဲတစ်ဦးနှင့် ပြည်သူ့စစ်တစ်ဦးကိုဖမ်းမိရာ ခုခံသည့် ပြည်သူ့စစ်သေဆုံး

မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်း တော်လှန်ရေးတပ်ဖွဲ့၏ သတင်းရယူရန် လာရောက်စုံစမ်းသော ရဲတပ်သားတစ်ဦးနှင့် ပြည်သူ့စစ်တစ်ဦးကို ဖမ်းဆီးရမိကြောင်း Myingyan Black Tiger(MBT)ထံမှ သိရသည်။

Myingyan Black Tiger (MBT)၏ စစ်ကြောင်း (၁) နယ်မြေအတွင်း သတင်းရယူရန် အရပ်ဝတ်ဖြင့်ဝင်ရောက်လာသော ရဲတပ်သားတစ်ဦးနှင့် ပြည်သူ့စစ်တစ်ဦးအား ညီနောင်မဟာမိတ်များနှင့် ဖမ်းဆီးနိုင်ခဲ့သည်ဟု ယနေ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၂)ရက်နေ့တွင် ထုတ်ပြန်သည်။ 

ဖမ်းဆီးနေစဥ် ပြည်သူ့စစ်တစ်ဦးသည် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရပြီး ကျန်ရဲတပ်သားတစ်ဦးအား စစ်ဆေးမှုများပြုလုပ်နေပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားသည်ဟု ဆိုသည်။ 

၎င်းရဲတပ်သားထံမှ 7.62(G3)ကျည် (၁၄၇)တောင့်၊ ဖုန်းတစ်လုံးနှင့် ဆိုင်ကယ်တစ်စီးတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။ 

ဖမ်းဆီးမှုကို Myingyan Black Tiger (MBT) မြင်းခြံခရိုင်တပ်ရင်း (၉)နှင့်အတူ Popa Guerilla Force (PGF)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency