စစ်ကောင်စီတပ်၏ စစ်ရာဇဝတ်မှုများကို ဟန့်တားပေးရေး တရုတ်အပါအဝင် နိုင်ငံတကာကို ညီနောင်မဟာမိတ် ၃ ဖွဲ့တောင်းဆို

စစ်ကောင်စီတပ်၏ စစ်ရာဇဝတ်မှုများကို ဟန့်တားပေးရေး တရုတ်အပါအဝင် နိုင်ငံတကာကို ညီနောင်မဟာမိတ် ၃ ဖွဲ့တောင်းဆို

စစ်ကောင်စီတပ်၏ စစ်ရာဇဝတ်မှုကျူးလွန်နေမှုများကို တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာအနေဖြင့် ဝိုင်းဝန်းတားဆီး ဟန့်တားပေးကြပါရန် ညီနောင်မဟာမိတ်သုံးဖွဲ့က တောင်းဆိုတိုက်တွန်းလိုက်သည်။

စစ်ကောင်စီတပ်က တိုက်ပွဲဇုန်မဟုတ်သည့် အများပြည်သူ နေထိုင်ရာနေရာများကို လေကြောင်းမှ ဖျက်အားပြင်းဗုံးများကြဲချ၍ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းနှင့်ပတ်သက်၍ ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်သည့် TNLA၊ AA နှင့် MNDAA တို့က ၂၀၂၄ ခုနှစ် ဩဂုတ်လ (၇)ရက်နေ့ နေ့စွဲဖြင့် သဘောထားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လာခြင်းဖြစ်သည်။

ဒေသခံများအနေဖြင့် လေကြောင်းတိုက်ခိုက်ခံရမှုများမှ ဘေးကင်းစေရေးအတွက် လမ်းညွှန်မှုများကို ပူးပေါင်းဆောင်ရွက်ကြရန်ကိုလည်း အထူးမေတ္တာရပ်ခံ တောင်းဆိုသည်ဟု ညီနောင်မဟာမိတ် (၃)ဖွဲ့က သဘောထားထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

#TachileikNewsAgency