ဆားလင်းကြီးမြို့နယ်ရှိ စစ်ကောင်စီဂိတ်ကို တော်လှန်ရေးတပ်များဝင်ပစ်ရာ လက်နက် ၃ လက်သိမ်းဆည်းရရှိ

ဆားလင်းကြီးမြို့နယ်ရှိ စစ်ကောင်စီဂိတ်ကို တော်လှန်ရေးတပ်များဝင်ပစ်ရာ လက်နက် ၃ လက်သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် မုံရွာမြို့တဖက်ကမ်း ညောင်ပင်ကြီးကျေးရွာတွင် စခန်းအထိုင်ချပြီး ဂိတ်ဖွင့်ထားသည့် စစ်ကောင်စီ၏ ရဲကင်းဂိတ်ကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီထံမှ လက်နက်(၃)လက် သိမ်းဆည်းရှိကြောင်း ULF စစ်ကြောင်းထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဂိတ်ကို ULF စစ်ကြောင်းနှင့် ဆားလင်းကြီး ပကဖ(လက်ရုံးတပ်)၊ YPF(Salingyi)၊ Salingyi GZ People Defence Force တို့က ၂၀၂၄ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား(၆)ဦးသေကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု (၅)မိနစ်ကျော်သာကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ထံမှ G3 (၃)လက်၊ Uzi (၁)လက်၊ G3 ကျည် (၁၀၀)ကျော်၊ ကျည်ဘောက် (၇)ခု၊ ဖုန်း (၃)လုံးနှင့် ငွေကျပ် (၂)သိန်းကျော်ကို သိမ်းဆည်းရရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇွန်လ (၉)ရက်နေ့ကလည်း ညောင်ပင်ကြီးရဲစခန်းကို ULF စစ်ကြောင်းမှ တိုက်ခိုက်ခဲ့ရာမှာ စခန်းတခုလုံးနီးပါး သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က (၁၀)ဦးကျော်သေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းနိုင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: UFL Column