စစ်ကောင်စီကင်းစင်နယ်မြေဖြစ်လာသော ထီးချိုင့်မြို့တွင် PDF ရဲဘော်များကို ပြည်သူများကြိုဆို

စစ်ကောင်စီကင်းစင်နယ်မြေဖြစ်လာသော ထီးချိုင့်မြို့တွင် PDF ရဲဘော်များကို ပြည်သူများကြိုဆို

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ရဲဘော်များ ချီတက်လာစဉ် ဒေသခံပြည်သူများက ကြိုဆိုသည့်ရုပ်သံအား NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ (၂)ရက်နေ့တွင် ထုတ်ပြန်သည်။

ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီကင်းစင်သည့် နယ်မြေဖြစ်လာကာ ပြီးခဲ့သည့် ဇူလိုင်လ (၂၇)ရက်နေ့က ရဲဘော်များ ချီတက်လာစဉ် ပြည်သူများက ကြိုဆိုခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို ၂၀၂၃ခုနှစ် နိုဝင်ဘာလဆန်းကစတင်ခဲ့ပြီး မြို့ပေါ်ရှိရပ်ကွက်(၅)ခုမှ လူဦးရေ (၁၂,၀၀၀)ကျော် တိမ်းရှောင်ခဲ့ရကာ စစ်ကောင်စီတပ်က နေအိမ်များကိုမီးရှို့ခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်းတို့ကြောင့် နေအိမ်အများအပြားပျက်စီးခဲ့ရသည်။

ထီးချိုင့်မြို့ကိုလည်း သိမ်းပိုက်နိုင်ရန် တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကို စစ်ကောင်စီတပ်ဘက်က လနှင့်ချီ ခုခံနေရာက လက်ရှိတွင် စစ်ကောင်စီတပ်များကင်းစင်သည့် အခြေအနေကို ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: MOD NUG